"ထပါတော့လားအမေရယ်" ( ဒါဖတ်ပြီးရင် မငိုပါနဲ့ သိတတ်ပါ )
"ထပါတော့လားအမေရယ်"
===================
အမေရယ်ထပါတော့...သားလေ..နောင်ကို
မဆိုးတော့ဘူး မမိုက်တော့ပါဘူး အမေမကြိုက်တာ
ဘာတခုမှ မလုပ်တော့ဘူးလို့ သားကတိပေးပါတယ်...
ထတော့,နော်အမေ ထတော့,လေ...
"ဟေ့သား" ဒါကဘယ်တုန်းဟဲ့...
သားကြိုက်တဲ့ဟင်းတွေ အမေချက်ထားတာ
အများကြီးပဲသား...ထမင်းအ...
အမေ့အကြောင်း ကျနော်ကသိပြီးသားမို့ အမေ့စကားမဆုံးခင်မှာ ကျနော်ကစကားဖြတ်တဲ့
သဘောနဲ့...
အော်...ရပါတယ်အမေရယ် နောက်ခါမှနော်
ဒီနေ့ဟိုကောင် မွေးနေ့မို့ သားအိမ်ပြန်နောက်ကျလိမ့်မယ် အမေထမင်းဆာရင်လည်း စားလိုက်ပါ
သားကိုမစောင့်ပါနဲ့...
အမေမျက်နှာပျက်သွားတယ် အမေစိတ်မကောင်းသွားမှန်း
ကျနော်သိတယ် ဒါ့ကြောင့်မို့လည်း အမေ့နားကပ်ပြီး....
"ဟာ...အမေ့လက်ရာက မွှေးနေတာပဲဗျာ
နှမျောလိုက်တာအမေရယ်..ဒီမှာစားလိုက်ရင် ဟိုကောင်
မွှေးနေ့မှာ မစားနိုင်ဘဲနေရင် ဒီကောင်က သားကို ရန်ရှာနေဦးမယ်..အမေရဲ့...
"အေးပါဟယ်..အမေနားလည်ပါတယ်
သွားတော့လေသား အချိန်နောက်ကျနေပါဦးမယ်...
"အမေ..စိတ်မဆိုးဘူးနော်
ဒီတခါတော့ ခွင့်လွှတ်ပေးပါ အမေရယ် နောက်နေ့တော့
အတူစားကြတာပေါ့ ဟုတ်ဘူလား...
"အေးပါ...အေးပါ...မင်းသာအမြန်သွားတော့...
"ဆွတ်"
ဒီလိုနဲ့ အမေ့ပါးလေးကို ကျနော်နမ်းပြီး လှည့်ထွက်ခဲ့တယ်
အမေမှာတော့ ကျနော့်ရဲ့ နောက်ကျောကိုငေးရင်း
ပြုံးနေမလား ငိုနေမလား ကျနော်သတိမထားမိလိုက်ပါ..
ကျနော့်အမေက စိတ်သဘောကောင်းသူတယောက်ပါ
အမေအကြောင်းကို ကျနော်အသိဆုံး ဘယ်လောက်ဘဲ
ဒေါသကြီးနေပါစေ အမေ့နားကပ်ပြီး ကပ်ချွဲလေးလုပ်
လိုက်တာနဲ့ စိတ်ကျေနေသူပါ....
ဒါပေမယ့် ကျနော်တို့ဘဝက အမေတခုသားတခုဘဝမို့
ကျနော့်ရဲ့ ယုယမူ့တွေကိုတော့ အမေကလိုချင်မှာပါ
ကျနော့်မှာ ခုတလော အားလပ်ရက်ကို မရှိတာနဲ့
အမေနဲ့ ထမင်းအတူမစားရတာလည်း ကြာရောပေါ့..
ဘယ်လိုဘဲဖြစ်ဖြစ် အမေက ကျနော့်အပေါ် စိတ်မဆိုး
တတ်တဲ့သူပါ တခါတလေမှာ အမေက ဘုရားဖူးလေး
ဘာလေးသွားချင်စိတ်ပေါ်လာရင် သားရယ် ဟိုဘုရားက
ကြည်ညိုစရာကောင်း ဒီဘုရားက ကြည်ညိုစရာကောင်း
ဆိုပြီး စကားလာပစ်နေတတ်တယ်...
ကျနော်လည်း မသိသလိုနဲ့နေတဲ့ အခါမျိုးရှိသလို
အိမ်နားက အဒေါ်တွေနဲ့ သွားပါလို့လည်း တိုက်တွန်းတဲ့
အခါမျိုးရှိပါတယ် ဒါပေမယ့် အမေက မသွားပါဘူး
ကျနော်ပါမှ သွားမယ်တဲ့ ကျနော်လည်း လုပ်နေကျအတိုင်း
"နောက်မှ"အားမှ ဘာမှဆိုပြီး ချော့ပြောလိုက်တာနဲ့
အမေကကျေနပ်နေသူပါ.....
ကျနော့်မှာလည်း ဒီနေ့မှ အခြားနေ့နှင့်မတူ တလမ်းလုံး
အမေ့ကြောင်းတွေ တွေးနေမိတယ် ဒီလိုနဲ့ ဟိုကောင့် အိမ်နားရောက်လာတယ်....နောက်ကျနေပါပြီး.
အားလုံးက မူးတူတူးနဲ့ လာကြိုကြတယ်...
"ဟာ...မင်းကွာ နောက်ကျလှချီလားကွ..
"အေးဟာ...ငါလည်းဒီနေ့မှ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိဘူးကွ အလိုလိုနဲ့ အမေကိုသနားနေမိတယ်...
"ဟ..မင်းကလည်း အထူးဆန်းကြီးပါလား
သွားလာတဲ့အခါမှာ ဘယ်တုန်းကမှ အမေကို အားမနာ
တတ်တဲ့ ကောင်ကများကွာ...!
ထိုစကားကြားမိရာမှ ကျနော်စဉ်းစားမိတယ်..
ခုချိန်ထိ အမေ့အလိုကို မလိုက်လျောဖူးသေးတဲ့
အဖြစ်တွေ...
လူငယ်သဘာဝဆိုတဲ့ စကားနဲ့ အမေ့ကို ဘုရားဖူးလေး ဘာလေးပို့ဖို့ မပြောနဲ့ ထမင်းလေးအတူတူစားဖို့တောင် အမြဲလိုလို ငြင်းဆန်နေတဲ့ အဖြစ်တွေ..
ဟာ..ကောင်ကြီး ငါနေလို့မဖြစ်တော့ဘူးကွ
ငါပြန်တော့မယ်ဟာ စိတ်မရှိနဲ့နော်....
အေးကွာ...ရပါတယ် ငါနားလည်ပြီးသားပါဟ..
ကျနော်စိတ်တွေ ဘာရယ်မှန်းမသိ အလိုလိုနဲ့ ပူလောင်နေတယ် လမ်းမှာအမေကြိုက်တဲ့ ခေါက်ဆွဲသုတ်
ဆိုင်လေးက ခေါက်ဆွဲတထုပ်ဝင်ဝယ်ပြီး အပြန်လမ်းမှာ ကိုယ့်ကိုကိုယ်အလိုလိုနဲ့ ပီတိဖြစ်နေတယ်...
အမေစားချင်လို့ မှာဝယ်တောင်မှ အကြောင်းအမျိုးမျိုး
ပြပြီး မဝယ်ဖြစ်ခဲ့တဲ့ကျနော် ခုလို အမေမခိုင်းဘဲ
ဝယ်ပေးခဲ့တာ အမေသိခဲ့ရင် အမေဘယ်လောက် ဝမ်းသာ
နေမလည်းလို့ တွေးပြီး ကျနော်ပျော်နေခဲ့မိတယ်...
အိမ်ရောက်တာနဲ့ ထုံးစံအတိုင်းအမေက ကျနော်ကြိုက်တဲ့ ဟင်းတွေပါတဲ့နေ့ဆို ထမင်းမစားဘဲ ထမင်းခုံမှာ
မှောက်အိပ်ပြီး စောင်နေလျှက်ပါ...
အမေမနိုးအောင် အမေ့နားသွားပြီး ကျနော် ထွေးဖက်လိုက်မိတယ် အမေမနိုးပါ အမေအသားတွေ
အေးစက်နေတယ်...ကျနော့်ရင်တွေ ပူလာတယ်
နှလုံးခုန်နူန်းတွေမြန်လာတယ် အသက်ရူကျပ်သလို
ခံစားလာရတယ်....
ကျနော်လည်း အမေ့ကိုတအား ဆွဲလူပ်ခါမိတယ်
အမေကတော့မနိုးတော့ပါ အကြိမ်ကြိမ်ဆွဲလူပ်မိပြီး
အမေမနိုးတော့မှ အမေ လူ့ဘဝထဲကနေ ထာဝရ
အိပ်စက်သွားမှန်း ကျနော်သိလိုက်ရတော့တယ်....
အမေမခိုင်းဘဲ လုပ်ပေးရတဲ့ အတွက်ကြောင့် တခါမှမရဖူးတဲ့ ပီတိမျိုး ဘယ်တော့မှလည်း
ရဖူးတော့မှာ မဟုတ်ဘူးဆိုတာ ကျနော်သိလိုက်ရပါ
....ပြီး...
ထပါတော့အမေရယ်...အမေရယ်ထပါတော့...
သားလေ..နောင်ကို မဆိုးတော့ဘူး အမေမကြိုက်တာ

ထတော့,နော်အမေ ထတော့,လေ....
🖋လေးစားစွာဖြင့်
@စွယ်စုံ-ကျွဲကျောင်းသား တင်ဆက်သည်
Photo..credit...

Post a Comment